Thursday, June 13, 2013

စမ်းသပ်မျှဝေခြင်း;MyanMarFont For Huawei U8833 , U 8951 , C8813 , G520-0000 ( Emotion UI)

MyanMarFont For Huawei U8833 , U 8951 , C8813 , G520-0000 ( Emotion UI)

မင်္ဂလာပါခင်ဗျ..
ဒီ ပိုစ်လေးကတော့ ထွေထွေ ထူးထူး မဟုတ်ပေမယ့် .
Unlock Code တောင်းရတဲ့ Huawei ဖုန်းတွေ( Emotion UI) တွေအတွက် Root မလုပ် ပဲ နဲ့ 
မြန်မာဖောင့်တွေ . ကီးဘုတ်တွေ ကို ထည့်သွင်းပေးသွားမှာပါ.
ဒီကောင်လေးက ဘယ် Emotion UI မှာမဆို အသုံးပြုလို့ ရပါတယ်ခင်ဗျ.
Emotion UI ဆိုတာ ဖုန်းမှာသုံးထားတဲ့ System တမျိုးပဲလို့ .မမှီ့ တမှီ ကျွှန်တော့ရဲ့ပိန်းပိန်းတိန်းတိန်း
ဥာဏ်လေး နဲ့ စဉ်းစားမိပါတယ်..
Emotion UI ဟုတ်မဟုတ်ဘယ်လို ကြည့်မလဲဆိုရင် ဖုန်းရဲ့ 
Setting>About Phone> Emotion UI Version ဆိုတာပါ ပါတယ်..အဲဒါဆိုရင်တော့ ဟုတ်ပါတယ်..
အပေါ်က ပုံထဲမှာ ပါ..အဲဒါဆိုရင်တော့ Emotion UI ဖြစ်ပါတယ်.. 
ဆက်သွားရအောင်နော်
လိုအပ်တာလေးဒေါင်းလော့ဆွဲ ထားပါ
  1. ဖုန်းကိုပါဝါဖွင့်ပါ
  2. USB Debugging ကို On ထားပေးပါ 
  3. ထို့ နောက် ကွန်ပျူတာ တွင် ချိတ်ပါ 
  4. Emotion UI  Theme လေးကို ဒေါင်းလော့ဆွဲ ၍ ကွန်ပျူတာပေါ်တွင် ဇစ်ဖြည်လိုတ်ပါ 
  5. ဇစ်ဖြည်လိုတ်လျှင် အထဲတွင် RunMe.bat ဖိုင်လေးတခု တွေ့ ပါလိမ့်မယ်.
  6. အဲဒီ RunMe.bat ကို ဖွင့်လိုတ်ပါ ။
  7. သူ့ ဘာသာ သူ အလုပ်ဆက်လုပ်သွားပါမယ်.. ပြီးသွားပြီဆိုရင်တော့ ဖုန်းနဲ့ ကွန်ပျူတာနဲ့ ချိတ်ထား
    တာကို ဖြုတ်လို့ ရပါပြီ
  8. ထို့ နောက် ဖုန်းရဲ့ Setting>Language&Keyboard>ForzenKeyboard ကိုအမှန်ခြစ်ပေးပါ
  9. ForzenKeyboardPro ကိုလည်းအမှန်ခြစ်ပေးပါ
  10. ဖုန်းရဲ့ Home ကို ပြန်ထွက်ပါ
  11. Screen ပေါ်တွင် Themes ဆိုတဲ့  ဖိုဒါကို လိုတ်ရှာပါ
  12. Themes ဖိုဒါကို တွေ့ ရင် အဲဒီအထဲကို ဝင်လိုတ်ပါ
အဲဒီမှာ ပုံ သုံးပုံနော်.. မျှားလေး တွေ လည်းပြထားပါတယ်. အဆင့်လိုတ် လေး လုပ်သွားပါ..
Theme With Font ဆိုတဲ့အဆင့် ပြီးရင်တော့ .. ဖုန်းက ပါဝါ ပိတ်သွားမှာ ဖြစ်ပါတယ်..
ဖုန်းပါဝါ ပြန်တက်လာရင်တော့ မြန်မာဖောင့် ရသွားပီ ဖြစ် ပါတယ် ။

Themes က ဘယ်သူလုပ်မှန်းမသိလို့  Credit မပေးတော့ဘူးနော်..Credit ပေးရမယ်ဆိုရင်တော့ တကယ် လုပ်ထားတဲ့ Developer ကို Credit ပေးပါတယ်... RunMe.bat ကတော့ ကိုယ့်ဘာသာ
ကိုယ် လုပ်ထားတာပါခင်ဗျ. ။
အမှားပါရင်ခွင့်လွတ်ပေးစေချင်ပါတယ်.
အားလုံး ကို ခင်မင်လေးစား စွာဖြင့်
Chateau Man 
(သား သား)
Collection Of Androids
ရွက်ကြွေပိုးထက်မံမျှဝေခြင်းဖြစ်ပါသည်။ ကျေးဇူးတင်ပါသည်။

No comments:

Post a Comment