တစ်နေ့က
ပျင်းနေတာနဲ့ အမယူပြီးဖုန်းကလိနေတာ သူ့အကောင့်က သုံးထားတာဆိုတော့လုလင်ပျို လည်းသုံးချင်တာပေါ့။
အဲဒါနဲ့ လိုက်ကလိတာ ဒါလေးကိုတွေ့လိုက်ပါတယ်။အဲ..ခေါင်းစဉ်တင်ထားသလိုပဲပေါ့ Android ဖုန်းမှာလည်း gmail အကောင့်တစ်ခုထက်ပိုသုံးလို့ရပါတယ်လုပ်နည်းကတော့ gmail icon ကိုနိုပ် ၊ညာဘက်က ဘယ်လိုခေါ်မလဲ app ရဲ့ details ကိုနိုပ်လိုက်ရင်အပေါ်ကရေ သုံးခုမြောက်မှာ accounts ဆိုတာ ကိုနိုပ် အဲမှာ ၀င်ထားတဲ့ အကောင့်တွေကို မြင်ရမှာပါအဒီမှာ add account ကိုဝင်ပြီး နောက်ထပ်အကောင့်တစ်ခု ထပ်ထည့်လို့ရပါတယ်။ဒါက ပထမနည်းပါ နောက်တစ်နေရာက
setting>>>accounts and sync ကိုဖွင်hအောက်မှာ add account ဆိုတာက နိုပ်ပြီး ခုဏကလိုပဲ နောက်ထပ်အကောင့်တစ်ခု ထပ်ထည့်လို့ရပါတယ်။လုလင်ပျို လုပ်တာတော့ အဆင်ပြေပါတယ်။လုလင်ပျို ဖုန်းက samsung glaxy GT-s5660 ပါ (ကြွားတာမဟုတ်ပါ။ဒါလေးတစ်လုံးပဲရှိတာပါ )gmail ကိုတော့ ၀င်စမ်းကြည့်တာပဲ gtalk ကိုတော့ မလုပ်ခဲ့ရပါ
gmail ထည့်ယုံနဲ့ gtalk ရမရဆိုတာ မစမ်းရသေးတော့ မသိပါ။သိတဲ့သူများ ဆွေးနွေးပေးသွားပါအုံးလို့ ဖိတ်ခေါ်ပါတယ်။ ထပ်ထည့်ထားတဲ့ gmail အကောင့်ကိုတော့ ကြိုက်တဲ့အချိန် ပြန်ဖျက်လို့ရပါတယ်။

မျှဝေခြင်းလေးပါ
…..
No comments:
Post a Comment