Sunday, July 28, 2013

phone key lock

လက်ကိုင်ဖုန်း၏ပျောက်ကွယ်နေသောသော့ချက်များ


မြန်မာနိုင်ငံက လူငယ်တော်တော်များများက လက်ကိုင်ဖုန်းတွေကို communicationလုပ်ဖို့ဆိုတာထက် Fashion သဘောအဖြစ်ကိုင်ကြတာကပိုများတယ်လက်ကိုင်ဖုန်းတစ်လုံးရ့အဲ သုံးဝင်မှုများကို အတော်များများက Camera , FM Radio, Alarm, MP3music အတွက် လောက်ပဲ သိထားကြတယ်။အခုတစ်ခါ လက်ကိုင်ဖုန်းတစ်လုံးရ့လျဲို့ ဝှက်ချက်များ၊ အသိနည်းတဲ့အသုံးဝင်မှုများကိုဖတ်ဖူးတာစုပေါင်းပြီးပြန်လည်တင်ပြလိုက်ပါတယ်။
(၁) အရေးပေါ် အတွက် သုံးလို့ရတယ်keypad ကို locked လုပ်ထားရင်တောင် လက်ကိုင်ဖုန်းတွေဟာ 112 ဆိုတဲ့နံပါတ်ကို နှိပ်လို့ ရတာ တွေ့ရ ပါလိမ့်မယ်။ အဲဒီနံပါတ်ဟာ ကမ္ဘာလုံးဆိုင်ရာ ၊နိုင်ငံတကာ အရေးပေါ် ဖုန်းနံပါတ် ဖြစ်ပါတယ်။ လက်ကိုင်ဖုန်း ဆက်သွယ်နိုင်တဲ့ဧရိယာထဲမှာ ရှိနေပါစေ၊ ဒီနံပါတ်ကို နှိပ်လိုက်တာနဲ့လက်ကိုင်ဖုန်းဟာအနီးဆုံး ဆက်သွယ်မှု ကွန်ယက်ကို အလိုအလျောက် ရှာမှာ ဖြစ်ပါတယ်။လက်ကိုင်ဖုန်းက ခလုတ်များကို ပိတ်ထားရင်တောင် ဒီနံပါတ်ကိုတော့ နှိပ်လို့ရနေမှာ ဖြစ်ပါတယ်။(မြန်မာပြည်ပါ မပါတော့ အသေအချာ မသိဘူးနော်။ ကမ္ဘာ့ နေရာအတော့်များများမှာတော့
အိုကေပါတယ်)
(၂) ဖွက်ထားတဲ့ အပို ဘတ္ထရီ ရှိတယ်နော်တော်တော်များများမသိသေးတဲ့အချက်ဖြစ်ပြီးတော့ အရမ်းလည်းအသုံးဝင်တဲ့ အချက်ပါ။ကိုယ့်လက်ကိုင်ဖုန်း ဓာတ်အား သိပ်နည်းလာပြီဆိုပါစို့။ *3370# ကိုနှိပ်လိုက်ပါ။ လက်ကိုင်ဖုန်းက အရေးပေါ်သုံး ချန်ထားတဲ့ ဓာတ်အား ကိုပြန်ဖွင့်ပေးပြီးအခါမှာတော့ ဓာတ်အား ထက်ဝက် ကျန်သေးကြောင်း ပြပါလိမ့်မယ်။နောက်တစ်ကြိမ် ကိုယ့်လက်ကိုင်ဖုန်းကို ဓာတ်အား ပြန်ဖြည့်တဲ့အခါမှာ သာမန်နဲ့အရေးပေါ်သုံး နှစ်မျိုးလုံး အတွက် ဓာတ်အားကိုပြန်ဖြည့်ပါ လိမ့်မယ်။ Safetyfirst !!! ပါတဲ့
(၃) ကားထဲမှာ သော့တွေ ကျန်ခ့ရဲ င်လည်း သုံးလို့ရတယ်ဒီဟာကတော့ အဝေးထိန်းစနစ်တပ်ဆင်ထားတဲ့ကားတွေအတွက် ပြောတာပါ တနေ့...အဝေးထိန်း မဟုတ်ဘဲ လက်နဲ့ ဖွင့်ရမယ့် အနေ အထား ကြုံတတ်ပါတယ်။ ကားသော့ကိုကားထဲ ထည့်ခဲ့ပြီး အပိုသော့က အိမ်မှာ ကျန်ခဲ့ရင် သူငယ်ချင်းတို့ ဘာလုပ်မလဲ?။
1. လက်ကိုင်ဖုန်း တစ်လုံး ရှိရတာ ဒီလိုအခါ ကျတော့ အဆင်ပြေလိုက်တာ။ အိမ်မှာကျန်ခ့တဲ့ လူရဲ့ လက်ကိုင်ဖုန်းကို လက်ကိုင်ဖုန်းကနေ ခေါ်လိုက်ပါ။
2. တဖက်က ပြန်ထူးနေရင် ကိုယ့်လက်ကိုင်ဖုန်းကို ကားတံခါးကနေ ခြေတလှမ်းအကွာမှာထားလိုက်ပါဦး။
3. နောက်ပြီး အိမ်ကလူကို ကားသော့ဖွင့်တဲ့ ခလုတ်ကို လက်ကိုင်ဖုန်းနားကပ်ပြီး နှိပ်ခိုင်းကြည့်ပါ။ကားတံခါး ပွင့်သွားပါလိမ့်မယ်။
စမ်းကြည့်ရတာ နည်းနည်းတော့စိတ်လှုပ်ရှားစရာ ပါပဲ။ အိမ်ကလူက လာပေးဖို့ မလိုတော့ဘူးပေါ့။ အကွာအဝေးက အဓိက မဟုတ်ပါဘူး။ သော့အပိုက မိုင်တရာ အကွာမှာရှိနေပါစေ ခုနက နည်းနဲ့ သင့်ကား တံခါးကို အလွယ်တကူ ဖွင့်နိုင်တာ
လက်ကိုင်ဖုန်းကြောင့်ပါပဲ။
(၄) လက်ကိုင်ဖုန်းသာအခိုးခံရရင်လည်း ဖျက်ပစ်လို့ရတယ်ဗျကိုယ့် လက်ကိုင်ဖုန်းရဲ့ နံပါတ်စဉ်ကို သိဖို့ *#06#ကို နှိပ်လိုက်ပါ။ ဂဏန်း၁၅လုံး (ဆယ့်ငါးလုံး) ပေါ်လာပါ လိမ့်မယ်။ အဲဒီ ဂဏန်း ဆယ့်ငါးလုံးဟာကိုယ့်လက်ကိုင်ဖုန်း (handset) အတွက် သီးသန့်ပါ။ ဒီ ဂဏန်းတွေကို ချရေးပြီးလုံခြုံ စိတ်ချရတဲ့ တနေရာမှာ သိမ်းထားပါ။ ကိုယ့်ဖုန်း ပျောက်သွားတဲ့တစ်နေ့၊
ဒါမှမဟုတ် သူခိုးလက်ပါသွားပြီး အဖျောင်ခံရတဲ့တစ်နေ့ ဖုန်း ကုမ္ပဏီကိုဖုန်းဆက်ပြီး ဂဏန်း ဆယ့်ငါးလုံးပါ ကုဒ်ကို ပြောပြ တိုင်တန်းလိုက်ပြီးကိုယ့် လက်ကိုင်ဖုန်းကို ပိတ်ခိုင်း နိုင်ပါ တယ်။တကယ်လို့ သူခိုးဟာ Sim Card ကို မထုတ်ရသေးမီ တိုင်တန်းနိုင်မယ် ဆိုရင် Simcard ကိုရော လက်ကိုင်ဖုန်းကိုပါ disable လုပ်နိုင်မှာ ဖြစ်လို့ကိုယ့်ဖုန်းရဲ့  ဆက်သွယ်မှု ကွန်ယက် ထဲက သူတွေ စာရင်းနဲ့ ဖုန်းနံပါတ်များကိုလဲ သူများတွေ မသိအောင် ကာကွယ် နိုင်သလို ကိုယ့်အယောင် ဆောင်ပြီး
များကို ကိုယ့်ဖုန်း နံပါတ်နဲ့ ဆက်သွယ်ခြင်း ကိုပါ ကာကွယ် နိုင်မှာဖြစ်ပါတယ်။ဒါပေမယ့် ................. ကိုယ် တိုင်တန်း တာ နောက်ကျလို့ သူခိုးကပိုလျင်သူ ဖြစ်ခဲ့ရင်တော့ ကိုယ့်Simcard ကိုသာ disable လုပ်နိုင်မှာဖြစ်ပြီး ကိုယ်ဟာ ဖုန်းနံပါတ်တွေကို လက်ကိုင်ဖုန်း ထဲမှာ မှတ်သား တတ်သူဖြစ်ရင်တော့ ကိုယ့် ဆက်သွယ်မှု ကွန်ယက် ကိုတော့ သူခိုးက ကောင်းကောင်းသိနိုင ပါတယ်။ နို့ပေမယ့် ကိုယ့်နံပါတ်နဲ့ သူတပါးကို ဖုန်းဆက်လို့တော့မရနိုင်တော့ ပါဘူး။ ဒါကြောင့် အရေးကြီး ဖုန်းနံပါတ်များကို Sim Cardထဲမှာသာ မှတ်သား ထားသင့် ပါတယ်။ ဒီလို ကာကွယ် ထားနိုင်ရင် လက်ကိုင်ဖုန်းခိုးယူခြင်း ကြောင့် အကျိုး မဖြစ်ထွန်းတဲ့ အတွက် လက်ကိုင်ဖုန်းခိုးယူမှုများ လျော့ပါး လာမယ်လို့ မျှော်လင့်ရပါတယ်။(ဟဲဟဲ..တစ်ခုရှိတာက မြန်မာ့ဆက်သွယ်ရေး ကချက်ချင်းပိတ်ပေးမပေးတော့မသိဘူးပေါ့)ဒါတွေကတော့ ဖုန်းတွေအားလုံးအတွက်ပေါ့။ နောက်ပြီးတော့ အမျိုးအစားအလိုက်
ဖုန်းတွေအတွက် သီးသန့် ကုဒ်တွေရှိသေးတယ်ဗျ။ ကျွန်တော်တို့နိုင်ငံမှာ Nokiaဖုန်းတွေက အသုံးအများဆုံးဆိုတော့ကာ Nokia ဖုန်း Code တွေလည်းပြန်ဖော်ပြလိုက်တယ်နော်။( Sony Ericsson ဖုန်းတွေမှာလည်း ရှိပါတယ်။ ဒါပေမယ့် ဖုန်းတွေရဲ့  Code တွေကတော့ တစ်ခုနဲ့တစ်ခု မတူပါဘူး။)Nokia ဖုန်းဝယ်တော့မယ်ဆိုရင် လည်း ဒီ Code တွေစမ်းကြည့်နိုင်သလိုဝယ်ပြီးတဲ့ အခါလည်း ကိုယ့်ဖုန်း ဘယ်လိုဖြစ်နေမယ်ဆိုတာ Code ရိုက်ပြီးကြည့်လို့ရပါတယ်။ဆိုင်တွေကလည်း ဖုန်းရောင်းတဲ့အခါ ဖုန်းမှာပါတဲ့ Codeတွေကိုဖွင့်ပြပြီး ဖုန်းတွေဟာ ရေမရောကြောင်း (အဲလေ) စစ်စစ်ဖြစ်ကြောင်းပြတတ်ပါတယ်။ကဲ..ပြောနေတာ ကြာပါတယ်။ ဒီကုဒ်တွေက ဘာတွေလည်းဆိုတော့-IMEI ( International Mobile Equipment Identity) ကိုကြည့်မယ်ဆိုရင် *#06#ကိုနှိပ်ပြီးကြည့်လို့ရတယ်။နောက်ပြီး LCD display ကိုပိုပြီး ရှင်းရှင်းလင်းလင်းမြင်ချင်တယ်ဆိုရင် *#67705646#
ကိုနှိပ့်ပြီးကြည့်နိုင်ပါတယ်။အသုံးပြုထားတဲ့ ဟန်းဆက်ရဲ့ဆော့ဖ်ဝဲ version ကိုကြည့်ချင်တယ်ဆိုရင် *#0000# ကိုနှိပ်ပြီး
ကြည့်နိုင်ပါတယ်။Bluetooth device တွေရဲ့တည်နေရာကိုကြည့်ချင်တယ်ဆိုရင် *# 2820#ကိုနှိပ်ပြီး ကြည့်နိုင် ပါတယ်။ဖုန်းရဲ့ ထုတ်လုပ်သည့်အချိန် ထုတ်လုပ်ခဲ့သည့် serial number နှင့်ဖုန်းကိုနောက်ဆုံး ဘယ်အချိန်မှာပြုပြင်ခ့သဲ ည်ဆိုသည့် အကြောင်းအရာနှင့်ဖုန်း life time ကို သိရှိလိုပါက *#9270 2689# ကို ရိုက်နှိပ်နိုင်ပါတယ်။မှတ်သားထားသော ဖုန်းနံပါတ် များကို ဖျက်ချင်တယ်ဆိုရင်တော့ *#3925538# ကို နှိပ်ပြီးဖျက်နိုင်ပါတယ်။series 60 ဖုန်းတွေအ တွက်ဆိုရင်တော့ *#7370925 538# ကိုနှိပ်ပြီးဖုန်းကို reset lockလုပ်နိုင်ပါတယ်။ဒါပေမယ့် ဖုန်း ပြန်တက်လာတဲ့အချိန်မှာ defult code 12345 ကိုရိုက်ထည့်လိုက် ရင်ဖုန်းပြန်ပွင့်သွားမှာပါ။Nokia ဖုန်းတွေအတွက် Code တွေကတော့ အများကြီးရှိပါတယ်။ ဒါပေမယ့်ဗျာ..
တစ်ခုပြောချင်တာက ဖုန်းတွေအကြောင်းသိပ် မကျွမ်းသူတွေအနေနဲ့ ဒါတေကွိုသိပ်ပြီး မကလိသင့်ပါဘူး။ ကိုယ်မသိတဲ့ Function တွေ ထဲလည်းဝင်သွားနိုင်ပြီးတော့ အခန့်မသင့်ရင် ကွိုင်တက်ပြီး ဖုန်းဆေးခန်းကိုပို့လိုက်ရပါလိမ့်မယ်။

1 comment: