Saturday, January 25, 2014
blogspot.com မှ co.cc ပြောင်းနည်း
1:19 PM ခင်မောင်စိုး No comments
Email This BlogThis! Share to Twitter Share to Facebook
တိုးတက်လာတဲ့ အင်တာနက်ခေတ်မှာ ဆိုရှယ်ဆိုဒ်တွေ အများကြီးပေါ်ပေါက်လာသလို ကိုယ်ပိုင်ဖန်တီးထားတဲ့ ဘလော့ ဆိုဒ်များလဲ အများအပြားထွက်လာတာကိုတွေ့နေရပါတယ်။ စာဖတ်တာ ၀ါသနာပါသူများကတော့ ထိုဆိုဒ်တွေမှာ လိုက်ပြီး ဖတ်ရှုကြသလို ကိုယ်တိုင်ရေးသားတတ်သူတွေလဲ ရှိနေပါတယ်။ မိမိတို့ရဲ့ ဖန်တီးထားမှုများကို ကိုယ်ပိုင် ဆိုဒ်တစ်ခုတည်ဆောက်ပြီး ဖန်တီးလိုသူများက ပိုက်ဆံပေးစရာမလိုတဲ့ ကိုယ်ပိုင်ဒိုမိန်းလေးတွေ ယူပြီးဖန်တီးတတ်ကြပါတယ်။ ဒါပေမဲ့ www.blogspot.com ဟာ မြန်မာနိုင်ငံက လူတွေ အတော်များများ ပုံမှန် proxy နဲ့ဝင်ကြည့်လို့မရတတ်ပါဘူး။ ကျော်ခွပြီး ၀င်တတ်မှသာ တစ်ခါတစ်ရံဝင်လို့ရတာပါ။ ဒါကြောင့် များသောအားဖြင့် မိမိဆိုဒ်ကို နေရာစုံ နိုင်ငံစုံက ဖန်တီးလို့ရအောင် co.cc ဒိုမိန်းနဲ့ ပြောင်းပြီးဖန်တီးတတ်ကြပါတယ်။ ဒါကြောင့် မိမိရဲ့ ဘလော့တွေကို ဒိုမိန်းပြောင်းချင်သူများအတွက် (co.cc သို့) ရည်ရွယ်ပြီး ဒီပိုစ့်လေးကို တင်ပြတာပါ။ သိပြီးသား သူငယ်ချင်းတွေလည်း အများကြီးရှိပါတယ်။ ဒီလူတွေကို ဆရာလုပ်ချင်တာ မဟုတ်ပါဘူး။ တကယ်လို့ မသိသေးတဲ့သူတွေ ရှိခဲ့ရင် အထောက်အကူဖြစ်အောင် တင်ပြပေးခြင်းဖြစ်တယ်ဆိုတာ ကောင်းကင်မောင်နှမတွေ နားလည်နိုင်ပါစေ လို့ ။။။
ပြုလုပ်ပုံ အဆင့်ဆင့် ..
၁. http://www.co.cc/ မှာ Accountတစ်ခု Register လုပ်ပါ။
၂. မိမိ Account ကို SignIn ၀င်ပါ... 'Domain Setting' ကို ရွေးပါ... မိမိ နှစ်သက်ရာနာမည်နဲ့ 'Domain' နာမည် တစ်ခု Create လုပ်ပါ... မိမိနှစ်သက်ရာ နာမည်တစ်ခု (blogspot က နာမည်အတိုင်းပေးချင်လဲ ရပါတယ်)။ ဒီအကောင့်က blogspot.com ကနေပြောင်းဖို့ ပြုလုပ်မှာဖြစ်တဲ့အတွက် မိမိနှစ်သက်ရာ နာမည်နဲ့ ဘလော့တစ်ခု ဖန်တီးထားဖို့လိုအပ်ပါတယ်။ ..
ထို့နောက် 'Setup'ကို ရွေးပါ...
၃. Option သုံးခု ရှိတဲ့ထဲက ဒုတိယ Option ဖြစ်တဲ့ 'Zone Record' ကို ရွေးရပါမယ်...
၎. 'Host' မှာ 'www.yourdomainname.co.cc' ကို ထည့်ပါ... (Domain Nameမှာ 'www' ပါရပါမယ်...)
'TTL'မှာ '1D'ကို ရွေးပါ...
'Type'မှာ 'CNAME'ကို ရွေးပါ...
'Value'မှာ 'ghs.google.com'ကို ထည့်ပါ...
၅. 'Setup' buttonကို Clickလုပ်ပါ... ဒါဆိုရင် မိမိBlogအတွက် Domainတစ်ခုရပါပြီ...
ဒီအဆင့် ပြီးတဲ့ အခါမှာတော့ မိမိဒိုမိန်းကိုပြောင်းဖို့အတွက် ၄၈ နာရီ (၂ ရက်) စောင့်ဖို့လိုပါတယ်။ ၂ ရက်ကြာမှသာ အောက်က အဆင့်များကို ဆက်လုပ်ရမှာဖြစ်ပါတယ်။
၆. Blogger Accoutကို Login ၀င်ပါ... 'Setting' ကို သွားပါ... 'Publishing' Tab ကို ရွေးပါ...
၇. 'Custom Domain'ကို ရွေးပါ... 'Switch to advanced settings'ကို ရွေးပါ...
၈. 'Your Domain'မှာ 'www.yourdomainname.co.cc' ကို ထည့်ပါ... Saveလုပ်ပါ...Blogကို CustomDomain CO.CCနဲ့ အသုံးပြုလို့ ရပါပြီ...
ဒီအဆင့်တွေက သူငယ်ချင်းတစ်ယောက်ဆီမှ ကိုယ်တိုင်ပြုလုပ်ချင်တုန်းက မေးထားတဲ့ အတိုင်းဖြစ်တဲ့အတွက် မူရင်းပြုစုရေးသားသူကို မဖော်ပြနိုင်တာ ခွင့်လွှတ်ပါလို့။
No comments:
Post a Comment